ဇီးကုန်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် အခြားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက်၊ ရေဘူးနှင့် အခြားကျောင်းသုံးပစ္စည်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)