ပုလော ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်များကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပုလောမြို့နယ် လျှပ်စစ်မှူး ဦးကိုကိုမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်မှုကို ဖွင့်မှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ်အတွင်းရှိ လျှပ်စစ်အင်နီယာရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား/သမီး(၁၇)ဦးအား ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်အတွက် ငွေကျပ် ၃၈၆၄၀၀/-တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နီနီထွန်း(ပုလော)