အရာတော် ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ (၂) လမှ (၁၀) နှစ်ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ဆောင်ရွက်ပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းကို ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက ဆာဆာကာဝါခန်းမ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ပြည်သူ့ကျန်းမာရေးရုံးရှေ့တို့တွင် စုရပ် (၃) နေရာခွဲပြီး ထိုးပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးအားလုံကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
မြို့နယ်ပြန်/ဆက်