မြောင်းမြမြို့နယ် မြေစာရင်းဦးစီးဌာနရှိ ​ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေး ကိရိယာပစ္စည်းများ ထောက်ပံ့

မြောင်းမြ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မြေစာရင်းဦးစီးဌာနရှိ ​ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေး ကိရိယာပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က  မြို့နယ်မြေစာရင်းဦးစီးဌာနရုံးခန်းမ၌  ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးနေဖြိုးမောင်က မူလတန်းအဆင့်ကျောင်းသား (၁၇) ဦး၊ အလယ်တန်းအဆင့်ကျောင်းသား (၁၀) ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား (၁၀) ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၃၇) ဦး အားဗလာစာအုပ် (၄၂) ဒါဇင်၊ ခဲတံ (၁၅၈) ချောင်း၊ ခဲဖျက် (၆၅) ခု၊ ဘောပင် (၈၀) ချောင်း၊ ပေတံ (၆၅) ချောင်း၊ ကွန်ပါဘူး (၃၃) ဘူး၊ ထီး (၃၃) ချောင်းနှင့်ကျောင်းသား/သူ တစ်ဦးလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် တစ်ဆယ့်သုံးသိန်း၊ သုံးသောင်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းကို မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝေဝေမြင့်(မြောင်းမြ)