ဒိုက်ဦး ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပ ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ (၂၀၀) ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
အဆိုပါဆေးခန်းကို အပတ်စဥ် စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါ စသည့်အထူးကုဆရာဝန်များကလည်း တစ်လလျှင် တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့် ကုသပေးကြပြီးအသည်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်း အခမဲ့ပေးလှူပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ် အသည်းရောင် အသားဝါ ဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)