မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းကျင်ရှိ ကျောင်းတိုက်ကြီး (၄) တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူ

မုံရွာ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းကျင်ရှိ ကျောင်းတိုက်ကြီး (၄) တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများက ပင့်သံဃာဆရာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီး၊ အချိုပွဲများလောင်းလှူခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်များအား အားစနစ်တကျဖြင့် ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးများတစ်ပျော်တစ်ပါး လောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆွမ်းလောင်းလှူကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)