စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများ ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်မှုပညာပေး သင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများ ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်မှုရရှိစေရေး ပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြ   မုံရွာတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခက သင်တန်းတွင်သင်ကြားခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးက သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းက လက်ခံရယူပြီး‌နောက် အားလုံးကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေလ (၂၇) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှုထမ်း (၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)