မကွေး ဇွန် ၁
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှအရာရှကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ စုပေါင်း၍ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ် စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းစသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စုစုပေါင်းအင်အား ၂၈၀၀ ကျော်ဖြင့် မြို့ရွာသန့်ရှင်းသန့်ရှင်းသာယာ လှပစေရေး ဘုရားစေတီပုထိုးများ၊ ရုံးဌာန အဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာ လှပမှုရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေ ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ် (စနေနေ့တိုင်း) တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)