ဘုတ်ပြင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်း ဖွင့်လှစ်

ဘုတ်ပြင်း ဇွန် ၁

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်တွင် အင်္ဂလိပ်စာအား အခြေခံမှစတင်၍ နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘုတ်ပြင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်က အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းပိတ်အားလပ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူစာကြည့်တိုက်သို့ လာရောက်၍ မိမိတို့ဝါသနာပါသည့် အကြောင်းအရာများကို လေ့လာဆောင်ရွက်တတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး၍ အသိပညာဗဟုသုတတိုးပွားစေရန်၊ မျိုးဆက်သစ်လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းမှတ်ဉာဏ်အား ကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ (၁)ရက်နေ့ (၄)ရက်နေ့အထိ (၄)ရက်ကြား ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ အလယ်တန်းပြဆရာမ ဒေါ်ခင်မမချောက အခြေခံအင်္ဂလိပ်စာများဖြစ်သည့် English Grammar ဝေါဟာရများ၊ စကားဆက်များအား သင်ကြားသွာမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များမှ စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)