ကျောက်တံခါးမြို့နယ်၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနားကျင်းပ

ကျောက်တံခါး  ဇွန်   ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ  မိုးရာသီ (အကြို)သစ်ပင်စိုက်ပွဲ  တော်အခမ်းအနားအား ယနေ့နံနက်(၉)နာရီအချိန်က ဂွေးကုန်းကျေးရွာ အုပ်စု၊ ဂွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၈၀/၃)နှင့်(၈၀/၄)ကြား အနန္တဇိနစေတီတော်ဝင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေက မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့သို့လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှုး နေလင်းဦးက ဂွေးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထိုက်ဝင်းသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်ဆွေမှ ဂျို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်ဦးသို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ဖဒိုနယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်မောင်မောင်သို့ လည်းကောင်းပျိုးပင်များအားအသီးသီးပေးအပ်ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချု ပ်ရေးအဖွဲ့ဝင် ဥက္ကဌဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊  ဂွေးကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၄)ဦးတို့ က ၂ ပေအထက်ရှိသော ပျိုးပင်ကျွန်း(၁၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀)ပင် စုစုပေါင်း (၃၀၀)ပင် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)