ရေနံချောင်းမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရေနံချောင်း ဇွန် ၁

မကွေးတိုင်းဒေသကြီးချောက်ခရိုင်ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် နာရီက အမှတ်()အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ..က() ကျောင်းသား၊ ကျောင်းသူလေးများကတိုင်းရင်းသားစုံညီ ပညာရိပ်ဆီ ကျောင်းအပ်ကြမည်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ချောက်ခရိုင်ပညာရေးမှူး ဦးမန်းအောင်က လမ်းညွှန်အမှာစကားပြောကြားကား နိုင်ငံတော်ကအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ချောက်ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ယခုနှစ် ကျောင်းအပ်နှံရေးနေ့သီးတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းပေါင်း ၁၅၀၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်းမှ ယနေ့အထိ ကျောင်းအပ်နှံမှုအခြေအနေမှာ KG အတန်းမှ Grade-12 အတန်းအထိ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၂၀၀၀ ကျော် လာရောက်အပ်နှံထားပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)