တနင်္သာရီ ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အဆင့် ဘက်စုံပညာရည်ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းရေးသွင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံပညာရေးမှူး ဦးမျိုးမြတ်ဦးက မြို့နယ်အတွင်း အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးမျာအား အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်တို့၏ အခြေခံပညာအဆင့် ဘက်စုံပညာရည်ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းများရေးသွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အကဲဖြတ်မှတ်တမ်းများကို သင်ရိုးသစ်နှင့်ကိုက်ညီအောင် တိကျသေချာစွာပြုလုပ်ကြရန်၊ ကျောင်းသူ/သားများ ပညာရည်တိုးတက်မှုအပိုင်းမှာ စိစစ်/အကဲဖြတ်အဖွဲ့များ၌ တာဝန်အများဆုံးရှိကြောင်း၊ ကျောင်းတစ်ကျောင်း၏ လိုအပ်ချက်/ကောင်းခြင်းနှင့်ဆိုးခြင်းသည် ကျောင်းအုပ်ကြီးအပေါ် မူတည်နေခြင်းဖြစ်ကြောင်း ထပ်ဆင့်ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၄၁)ကျောင်းရှိသည့် အနက် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း မြေပြင်တွင် အမှန်တကယ်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးရေး၊ ကျောင်းသူ/သားများ လချုပ်ပုံစံစာရင်းနှင့် သုံးစွဲမည့်ငွေစာရင်းများကို အချိန်မီပေးပို့ကြပါရန် အလေးထားမှာကြားကြောင်း သိရသည်။
အလားတူ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးနှင့် အထက်တန်း/အလယ်တန်း ကျောင်းအုပ်ကြီးများက လိုအပ်ချက်များကို ဖြည့်စွက်တင်ပြဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)