နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်ယနေ့အထိ ကျောင်းသား/သူ (၃၆၆၀၂)ဦး အပ်နှံ

နတ်မောက်  ဇွန်  ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများအားလုံး မေ ၂၃ ရက်နေ့က စတင်ကျောင်းအပ်နှံခဲ့ရာ ယနေ့အထိ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာဆရာ/မများက ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး ကျောင်းသုံးဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ကို အတန်းများအလိုက် အခမဲ့ထုတ်ပေးလျက်ရှိသည်။ နတ်မောက်မြို့နယ်တွင်အခြေခံပညာကျောင်း(၂၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာရေးကျောင်း(၁၀)ကျောင်းစုစုပေါင်း (၂၂၂)ကျောင်းတို့မှ ယနေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား/သူ (၃၆၆၀၂)ဦးရှိကြောင်း သိရသည်။

လှဝင်း