ကျိုက်လတ်မြို့၌ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျိုက်လတ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ ပိုက်ဆံလျှော်ထည့်သွင်းမြှပ်နှံ‌ရေး၊ ကြဲခင်းစိုက်ပျိုး‌နေမှုများ လျော့နည်းပပျောက်စေရေးနှင့် သီးထပ်စွမ်းအားမြှင့် သုံးသီးစိုက်  စိုက်ပျိုးဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦး‌ကျော်သူလင်းက မြို့နယ်၊ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ဆောင်ရွက်စေရေး၊ မြေလွတ်၊ မြေလပ်များမထားရှိရေး၊ လယ်ယာမြေများကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းသို့ ပြောင်းလဲအသုံးမပြုရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦး‌ကျော်သူလင်း၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်