ရွှေတောင်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရွှေတောင် မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန် - ပြည်ကားလမ်းဘေး မိုင်တိုင် (၁၅၉/၇) အနီးတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောသစ်တောဦးစီးဌာနမှ ဦးဆောင်၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးဇာနည်ဝင်းနှင့်ဝန်ထမ်းများ ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ထန်းကုန်းကျေးရွာအုပ်စု ၊အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ ကျွန်းအပင် (၅၀) ပင်၊ ပိတောက် အပင် (၅၀) ပင်၊ ပျဥ်းကတိုး(၃၀)ပင်နှင့် ယမနေ (၂၀) ပင်စုစုပေါင်း (၁၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)