ဖြူးမြို့နယ်တွင် ဇီးတန်းကျေးရွာ၌ (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများဆောင်ရွက်

ဖြူး မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကို ချင်းခင်ကျေးရွာအုပ်စု၊ ဇီးတန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမူးဦးကျော်မျိုးအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြီး ကော်မတီဖွဲ့စည်းနိုင်ရေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် ကျေးရွာကော်မတီအသစ်ရွေးချယ်ခြင်းများ ဆောင်ရွက်ကြသည်။

ဖြူးမြို့နယ်အတွင်း VDP စီမံကိန်းမှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ငန်းများဖြစ်သည့် တံတားတည်ဆောက်ရေး၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ​၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေသိန်း(၁၅၀)အသုံးပြု၍ ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)