ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပေါက်ခေါင်း မေ ၃၁

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ်‌ပေါ်စေရန်နှင့် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီတွင် ဒေသခံပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ စိုက်ပျိုးနိုင်စေရန်နှိုးဆော်သည့်အနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က သဖန်းချိုကျေးရွာ စာသင်ကျောင်းနံဘေးတွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦး‌နေမျိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ ဆရာမများနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၂၈၈ ဦးခန့်ဖြင့် ၂ ပေအထက်ကျွန်းပင် ၁၀၀ ပင်၊ မန်ဂျန်ရှား ၁၀၀ ပင်၊ ယမနေ့ ၅၀ ပင်၊ မဟော်ဂနီ ၅၀ ပင်၊ ကုက္ကိုလ် ၅၀ ပင်၊ မယ်ဇယ် ၅၀ ပင်၊ ကံ့‌ကော် ၅၀ ပင်၊ သပြေကြီး ၅၀ ပင်၊ စုစု‌ပေါင်းသစ်ပင် ၅၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)