မင်းဘူး(စကု)မြို့နယ်၌ ငရုတ်အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူတို့အဆင်ပြေ

မင်းဘူး မေ ၃၁

မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိ‌သောကြောင့် ငရုတ်သီးစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြကြောင်း သနပ္ပင်စုအုပ်စု ငွေသောင်ကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။

ငရုတ်သီးကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ၆၉၂ ၊ ဗီယက်နံ၊ ကျောက်စိမ်း၊ ပင်နံ၊ ရှမ်းပွ စသည်ဖြင့် နေရာဒေသကိုလိုက်၍ အမျိုးမျိုးခေါ်ကြသော်လည်း ၆၉၂၊ ကျောက်စိမ်းနှင့် ပင်နံမျိုးများကို အများဆုံးအသုံးများကြသည်။

မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်စိုက်ပျိုးသော ကျေးရွာများမှာ သနပ္ပင်စု၊ ရွာသစ်ကုန်း၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ မန်းကျိုးစသော ငွေသောင်စသော ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး၊ အိမ်ထောင်စုတစ်စုလျှင် ငရုတ်ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀ အထိ ရရှိကြ၍ ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကာ ယခုနှစ်တွင် မင်းဘူး(စကု)တစ်မြို့နယ်လုံးတွင် ငရုတ်စိုက်ဧက ၂၀၀ ဧကအထိ  တိုးချဲ့စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လ/ထ ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)