မအူပင် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁၂)ရပ်ကွက် မြို့သစ်အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နံနက် (၈)နာရီက မိုးရာသီအကြို စုပါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးသိန်းနှင့် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးလှထွဋ်တို့ မှ ပျိုးပင်များပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာဌာနအသီးသီးမှ သတ်မှတ်နေရာများတွင် မိုးရာသီအကြို သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်စက်ပိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှားပင် (၂၅၀)နှင့် ခရေပင် (၅၀)တို့ အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)