ကြံခင်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးရာသီမြေဆီလွှာဖွံဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ တောင်သူဦးအေးသွင်လယ်မြေ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးပြီး အထွက်နှုန်းတိုးတက်ကာ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးကြိုးစားကြဖို့ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစတိုင်းသာယာမှ မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်းကြောင့် မြေဆီလွှာကောင်းမွန်လာကာ ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်မှာဖြစ်ပြီး စပါးအထွက်နှုန်းလဲ တိုးတတ်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ တောင်သူများအား တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ကြသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးမှတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ကွင်းအမှတ် (၁၄D) ၊ ဦးပိုင်အမှတ် (၂၅)၊ တောင်သူဦးအေးသွင်၏ လယ်မြေ (၂.၀၀) ဧကတွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)