သာပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သာပေါင်း မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ဇီးဖြူကွင်းကျေးရွာ၍ ကျင်းပခဲ့သည်။

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း ရည်ရွယ်၍ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူချိန်လျှော့ချနိုင်စေရန် အပူဒဏ်ကာကွယ်နိုင်စေရေးတို့အတွက် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိလာခဲ့ကြရာမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ယမနေ ပျိုးပင်(၁၅၀)ပင်၊ ပျဥ်းကတိုး ပျိုးပင်(၂၀)ပင်၊ မန်ဂျန်ရှား ပျိုးပင်(၁၅၀)ပင်၊ မဟော်ဂနီ ပျိုးပင် (၁၅၀)ပင်၊ မအူလက်တံတို ပျိုးပင်(၁၀၀)ပင်၊ ကံ့ကော်ပျိုးပင် (၁၀)ပင် ပေါင်း(၅၈၀)တို့ကို ဇီးဖြူကွင်း ကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ၊ ကွင်းအမှတ်(၆၉၅) (၁)ဧကတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုဇော်သိန်း သာပေါင်း ပြန်/ဆက်