ညောင်တုန်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော နိုင်ငံတော်ကို တည်ဆောက်ရန် အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများဖြစ်သော တက္ကသိုလ်အဆင့် (၇)ဦး၊ အထက်တန်းအဆင့် (၅)ဦး၊ အလယ်တန်းအဆင့် (၉)ဦး၊ မူလတန်းအဆင့် (၃၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၁)ဦးတို့ကို တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)