ဘိုကလေး မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုရှိ ဣန္ဒပါလဓမ္မာရုံတွင် လူကုန်ကူးမှုနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်း၊ ဘိုကလေးမြို့မစခန်းမှူး၊ ဒုရဲမှူးညွန့်လှိုင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးနှင့် အဖွဲ့ဝင်များ၊ ဒေသခံအမျိုးသမီးများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက လူကုန်ကူးမှု၊ အမျိုးသမီးများအပေါ် အကြမ်းမှုများနှင့် စပ်လျဉ်းသည့် အသိပညာများအား ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေးအတွက် ယခု ဟောပြောပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြား၍ လူကုန်ကူးမှုဖြစ်ပွားနိုင် သည့် အခြေအနေများနှင့် အကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။
ထို့နောက် ဘိုကလေးမြို့မ စခန်းမှူး၊ ဒုရဲမှူး ညွန့်လှိုင်က လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ လူကုန်ကူးမှုမြောက်သော ဆောင်ရွက်မှုများ၊ ပြည်ပအလုပ်အကိုင်များနှင့် စပ်လျဉ်း သော လူကုန်ကူးမှုဆိုင်ရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအား အကျယ်တဝင့် ဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးက အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာများ၊ နစ်နာသူများအနေဖြင့် တရားနည်းလမ်းဖြင့် ဖြေရှင်း နိုင်ရေး ညွှန်းပို့ချိတ်ဆက်မှုဆိုင်ရာများအား အသီးသီးဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)