ကြံခင်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

ကြံခင်း မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီခွဲအချိန်က ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ တောင်သူဦးအေးသွင်လယ်မြေ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်  မြေဆီလွှာဖွံ့ဖြိုးပြီး အထွက်နှုန်းတိုးတက်ကာ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးစားကြဖို့ ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာမှ မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် မြေဆီလွှာကောင်းမွန်လာကာ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်မှာဖြစ်ပြီး စပါးအထွက်နှုန်းလည်း တိုးတက်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီး တောင်သူများအား တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ် ကြသည်။

ထိုနောက်ကွင်းအမှတ် (၁၄ D)၊ ဦးပိုင်အမှတ် (၂၅)၊ တောင်သူ ဦးအေးသွင်၏ လယ်မြေ (၂.၀၀)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကျင်းပရာ  တတ်ရောက်လာ ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးမှ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများက (ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)