ရွှေဘိုမြို့အ​ခြေခံပညာဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့​အခမ်းအနားကျင်းပ

​ရွှေဘို ​မေ ၃၁

အ​ခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ရွှေဘိုမြို့နယ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း​ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း“ သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားရာ စာတတ်ရုံမျှမက "ဗလငါးတန်" နှင့် ပြည့်စုံသည့် တိုင်းပြည်အတွက် အားကိုးရ​သော နိုင်ငံသား​ကောင်းများ​ပေါ်ထွက်လာ​စေရန်အတွက် စာသင်​ကျောင်းသည် အ​ကောင်းဆုံး၊ အသင့်​တော်ဆုံး၊ ပညာဆည်းပူး​လေ့လာသင်ယူရာ ဌာနဖြစ်သဖြင့် မိမိတို့၏ရင်​သွေးငယ်များ မိမိတို့ပတ်ဝန်းကျင်ရှိ က​လေးငယ်များ ပညာသင်ယူမှု အခွင့်အ​ရေးမဆုံးရှုံး​​စေရန် ပညာ​ရေးမ​ဝေး​စေရန်အတွက် "​ကျောင်း​နေအရွယ် က​လေးများ အားလုံး အ​ခြေခံပညာသင်ယူဖို့ ​ကျောင်းအပ်နှံကြစို့ "​ဆောင်ပုဒ်နှင့်အညီ အချိန်မီ​ကျောင်းအပ်နှံ ကြပါရန်နှင့် ပြည်သူလူထုအ​နေဖြင့် အမျိုးသား​ရေးတာဝန်တစ်ရပ်အဖြစ် ပူး​ပေါင်းပါဝင်ကြရန် တိုက်တွန်း​ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က ကျောင်းအပ်နှံလက်ခံ​ဆောင်ရွက်​ပေး​နေမှု၊ အခမဲ့ထောက်ပံ့ပေးသည့် အခြေအ​နေများ ​ရွှေဘိုခရိုင်တွင် အ​ခြေခံပညာ​​ကျောင်းပေါင်း (၆၅)ကျောင်း၊ ဘုန်း​တော်ကြီးသင် ပညာ​ရေး​ကျောင်း (၆)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း​ကျောင်း​(၄)​ကျောင်း စုစု​ပေါင်း(၇၅)​ကျောင်း၊ ​ယ​နေ့အချိန်အထိ​ ကျောင်းသား၊ ကျောင်းသူ​ပေါင်း (၁၈၀၇၆)ဦး အပ်နှံထား​​ကြောင်း၊ ယခင်နှစ်ထက်​ ကျောင်းအပ်နှံသူဦး​ရေတိုးတက်လာကြောင်း ပြောကြားခဲ့သည်။              

ထို့နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက စာ​ရေးကိရိယာနှင့် အလှူ​ငွေ (၃)သိန်း​ထောက်ပံ့​ပေးအပ်ခဲ့ပြီး နိုင်ငံ​တော်မှအခမဲ့​ထောက်ပံ့​ပေးသည့် ​ကျောင်းသုံးစာအုပ်၊ စာ​ရေး ကိရိယာများ၊​ ကျောင်းဝတ်စုံများ​ကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက​ ​ပေးအပ်ရာ ခရိုင်ပညာ​ရေးမှူး၊ မြို့နယ်ပညာ​ရေးမှူး၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ​ခဲ့သည်။ ထို့​နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ​ကျောင်းအပ်နှံလက်ခံ​ဆောင်ရွက်​နေမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်း၊ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)