ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေသူများ၏ မိသားစုဝင်များအား ဆန်ရိက္ခာပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်မြောင်း မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေသူများ၏ မိသားစုဝင်များအား ဆန်ရိက္ခာပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်မြောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေဇော်ဌေးမှ ပြည်သူ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသောသူများ၏ မိသားစုဝင်များအား စိုးရိမ်ပူပန်မှု ဖြစ်စရာမလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ယခုအခါတွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေသူများမှာ ကျောက်မြောင်းမြို့ပေါ်ရှိ ရပ်ကွက်(၄) ရပ်ကွက်၊ မလားကျေးရွာအုပ်စု၊ ရွှေခွန်ကျေးရွာအုပ်စုနှင့် ဆယ်ပင်ကျွန်းကျေးရွာအုပ်စုတို့မှ ပြည်သူ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ (၂၅)ဦး၏  မိသားစုဝင်များအား ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပံ့ပိုးပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ပံ့ပိုးပေးအပ်ရာတွင် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသော မိသားစုတစ်စုလျှင် ဆန်(၂၄)ပြည်ပါ (၁)အိတ်နှုန်း​ဖြင့် အခမ်းအနား တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများမှ ပေးအပ်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၁) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ကျောက်မြောင်း(ပြန်/ဆက်)