ထန်းတပင်(ပဲခူး) မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ သီရိဟေမာရပ်ကွက်အတွင်းသို့ အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် သီရိဟေမာရပ်ကွက်အတွင်းရှိ နေအိမ် များသို့သွားရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က နေအိမ်များအတွင်း ရေစည်၊ ရေကန်၊ ရေအိုးများ၊ ဘုရားပန်းအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်းများ ရှာဖွေခြင်းနှင့် ခြင်များပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသောရပ်ကွက်များကိုလည်း အလှည့်ကျစနစ်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)