ဝါးခယ်မမြို့နယ် မီသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ရေးများ(အခမဲ့)လှူဒါန်း

ဝါးခယ်မ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ရေများ(အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ရှိ အချို့နေအိမ်များမှ သုံးရေများသုံးစွဲရန် အခက်အခဲရှိသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦး ဦးဆောင်သော မီသတ်တပ်ဖွဲ့ဝင်များက ဝါးခယ်မမြို့ပေါ်ရပ်ကွက်ရှိ ရေသုံးစွဲရန်အခက်အခဲရှိသည့် နေအိမ်များသို့ ရေဂါလံ(၄၈၀၀) အခမဲ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)