ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဒိုက်ဦး မေ ၃၁

ဒိုက်ဦးမြို့နယ် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား/ကျောင်းသားများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါက အဖွင့်အမှာ စကားပြောကြားခဲ့‌ကြောင်း သိရသည်။ ဆက်လက်၍နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်များကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်မှ မြို့နယ်ပညာရေးမှူးအား ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်အား ပေးအပ်ခြင်း အခမ်းအနားကျင်းပပြီးနောက် ကျောင်းသား/ကျောင်းသားများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)