ကဝမြို့နယ်တွင် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ကဝ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၉)နာရီက ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် ဘုမ္မစိုးကျေးရွာအုပ်စုအတွင်းမှ တောင်သူ (၁၃၄)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၉၅၅)ဧကအတွက် စုစုပေါင်းငွေကျပ် (၁၄၃၂၅၀၀၀၀) တစ်ထောင့်လေးရာသုံးဆယ့်နှစ်သိန်းငါး‌သောင်းကျပ် ကို ထုတ်ချေးပေးခဲ့ကြောင်း ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)