နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နတ်တလင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို  မေလ ယနေ့နံနက် (၉) နာရီချိန်က အ.ထ.က နတ်တလင်းကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားအား (အ.ထ.က) နတ်တလင်း ကျောင်းသား/ ကျောင်းသူလေးများမှ မြန်မာ့ကျောင်းသီချင်း​ဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးပြီး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မြန်မာတစ်ဝှမ်းလုံး ကျင်းပနေတာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများအတွက် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား KG တန်းမှ (Grade-12) အထိ အခမဲ့ပေးဆောင်နေတာဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း စေတနာ၊ ဝါသနာ၊ အနစ်နာအခြေခံပြီး မိမိ၏ တပည့်များအား အမှန်တကယ် တက်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားစေလိုကြောင်း၊ ဆရာ၊ မိဘ လက်တွဲညီညီ ပေါင်စပ်ပြီး ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီးနောက် ကြို့ပင်အင်းကျောင်းမှ ဆရာမ ဒေါ်ဇင်မာငြိမ်နှင့် စတုတ္ထတန်း ကျောင်သား မောင်ကောင်းထက်စည်သူထွန်းတို့မှ ဘက်စုံပညာကိုယ်ရည်ဒို့လှမ်းချီ သီချင်းဖြင့်ဖျော်​ဖြေ ဧည့်ခံပြီး ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ  သင်ထောက်ကူပြုပစ္စည်းများအား တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူလေးများအား အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နတ်တလင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး (အ.ထ.က) နတ်တလင်း ကျောင်းသား/ကျောင်းသူ​လေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)