ထားဝယ်မြို့နယ်တွင် လယ်ဧက ၁၀၁၁ အတွက် သွင်းအားစုဖိုး မတည်ရင်းနှီးငွေကျပ် ၂၀၂၂ သိန်းပေးအပ်

ထားဝယ် မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ ဆောင်ရွက်မည့် ထားဝယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားများ၏ လယ်ဧက ၁၀၁၁ အတွက် သွင်းအားစုဖိုး မတည်ရင်းနှီးငွေကျပ် ၂၀၂၂ သိန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က အဖွင့်အမှာစကားပြောကြားပြီးကော်မတီဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက အမှာစကားပြောကြားကာ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝါဝါလွင်က ထားဝယ်မြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူ များအား လယ်တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစု ဓာတ်မြေဇာများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက အသင်းသားတောင်သူ(၂၂)ဦးလယ်ဧက ၁၀၁၁ အတွက် သွင်းအားစုဖိုး မတည်ရင်းနှီး ငွေကျပ် ၂၀၂၂ သိန်းနှင့် သမဝါယမအသင်းများသို့ သွင်းအားစုများပေးအပ်ပြီး အသင်းသားတောင်သူများကိုယ်စား ဦးဝင်းနိုင်ကကျေးဇူးတင်စကားပြောကြား ပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)