သနပ်ပင် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အ.ထ.က(သနပ်ပင်)ကျောင်း ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က(သနပ်ပင်)ကျောင်း ကျောင်းသား၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြစ် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသိန်းမြင့်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ ပညာရေးနှောက်နှေးမှုမရှိစေဘဲ ပညာသင်ကြားနိုင်စေရေး၊ နိုင်ငံတော်မှ ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းအကြောင်းများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြင့်သိန်းက ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းအပ်နှံရာတွင် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှလှူဒါန်းပေးသော ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများအား တာဝန်ရှိသူများကပေးအပ်ရာ ဆရာ၊ဆရာမများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညိုပြာ(ပြန်/ဆက်)