ကလေး မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံသင်တန်း (၃/၂၀၂၄)ဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကွန်ပျူတာသင်တန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)