ချောင်းဦး မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်နည်းပညာပေးသင်တန်း ဖွင့်လှစ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးနိုင်ရန်၊မျိုးစေ့ထုတ်နည်းပညာ စနစ်တကျသိရှိလိုက်နာဆောင်ရွက်နိုင်ရန်၊ မျိုးကောင်းမျိုးသန့်များ ဒေသတွင်း ပွားများလာစေရန်၊ ဝါသီးနှံပန်းတိုင်အထွက်နှုံး တိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တောင်သူများတစ်ဦးခြင်း၀င်ငွေ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောကြားခဲ့ပြီး ချည်မျှင်ရှည်ဝါသီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များပေးအပ်ခဲ့ကြောင်းသိရသည်။
ယခုကဲ့သို မျိုးစေ့ထုတ်နည်းပညာပေးသင်တန်း တက်ရောက်ခွင့်ရရှိသည့်အတွက် မျိုးစေ့ထုတ်နည်းပညာများကို စနစ်တကျသိရှိနားလည်လာပြီး လက်တွေ့စိုက်ပျိုးရာတွင် အထောက်အကူဖြစ်ကြောင်း နှင့်ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်မျိုးစေ့ ရရှိသည့်အတွက် မျိုးသန့်ပွားများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဘူတာကျေးရွာနေတောင်သူတစ်ဦးထံမှသိရသည်။
အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု (၇) အုပ်စုမှ တောင်သူ (၃၅) ဦးအား မျိုးစေ့ထုတ်လုပ်နည်းကျယ် ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆက်လက်သင်တန်းပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ထိန်လင်း (ပြန်/ဆက်)