ပြည် မေ ၃၀
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့"ဆုံစည်းရာ" စာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစားပြောကြားပြီး "စာဖတ်ခြင်းအကျိုးကျေးဇူး"ခေါင်းစဥ်ဖြင့် စာရေးဆရာ ဆရာတော်ဦးဝိလာသ၊ စာရေးဆရာဦးသိန်းဝင်း၊ စာရေးဆရာမောင်စိမ်းလန်း(ပြည်)၊ စာရေးဆရာဦးညွန့်ဆွေ၊ စာပေချစ်မြတ်နိုးသူဦးထင်ကျော်တို့ဦးဆောင်ပြီး ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့တို့အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြည်)