တောင်တွင်းကြီးမြို့နယ်ရှိ ပန်းချီဆရာများပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ပန်းချီပြပွဲကျင်းပ

တောင်တွင်းကြီး မေ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ပန်းချီဆရာများပူပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ပန်းချီပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှေးဟောင်း သမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီး၏ သန္တိသုခဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

အ​ခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ပန်းချီပြပွဲကို တောင်တွင်းကြီးမြို့နယ်ရှိ ပန်းချီဆရာများပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတက်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျသည့် ဆွဲသားပုံ/ဆွဲသားနည်းနှင့် လိုက်ဖက်သည့်ဆေးရောင်ခြည်နည်းတို့ကို သင်ကြားပြသခဲ့ပြီး ပန်းချီသင်တန်းဆင်းပွဲနှင့်အတူ သင်ကြားပြသခဲ့သည့် ပန်းချီဆရာများနှင့် ပန်းချီသင်တန်းတက်ရောက်ခဲ့ကြသည့် ကလေးသူငယ်များ၏ ပန်းချီလက်ရာများစုပေါင်း၍ မေလ ၃၀ ရက်နေ့မှစတင်၍ ဇွန်လ ၂ ရက်နေ့အထိ () ရက်တိုင်တိုင် ခင်းကျင်းပြသပေးသွားမည့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲတွင် ပြသသည့် ပန်းချီအမျိုးအစားများမှ ခဲပန်းချီ၊ ရေဆေးပန်းချီ၊ ကာလာပန်းချီ၊ ပန်းဆဲ၊ ခရေယွန်၊ ပိုစတာကာလာ၊ အခရိုင်းလစ်၊ ကာတွန်းပန်းချီ စသည့် အမျိုးအစား () မျိုးနှင့် ပန်းချီကားပေါင်း (၁၀၀) ကျော် ခင်းကျင်းပြသထားကြောင်း ပန်းချီပြပွဲစီစဥ်သူ တာဝန်ခံတစ်ဦးထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)