သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိ

သရက် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် "ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ စလက်ခံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က ရွှေဘုံသာကျောင်းတွင် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

သရက်မြို့နယ် ရွှေဘုံသာအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းအပ်နှံမှုကို ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)