မင်းလှမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

အထက်မင်းလှ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ‌မင်းလှမြို့နယ်၌ မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက မြောက်ရပ်ကွက် သုံးထပ်ကြီးဘုန်းကြီးကျောင်းဝန်းအတွင်း၌  ကျင်းပပြုလုပ်သည်။

မိုးရာသီ အကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်‌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစိန်ကျော်ငွေတို့က စိုက်ပျိုးမည့် အပင်များအားပေးအပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပြည်သူများက လက်ခံရယူပြီး သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း(၂၀၀)ပင်၊ ဖျောက်ဆိပ်(၂၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ တပေဘူတ(၄၀)ပင် စုစုပေါင်း(၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့သည်။

မင်းလှမြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်စိမ်းလန်းစိုပြေရေးရာသီဥတုပြောင်းလဲမှုကိုလျော့ချစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)