ရေဖြူ မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၏ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရေဖြူမြို့ (က) ရပ်ကွက်စည်ပင်သာယာ ရေး မြေအတွင်း မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးနိုင်လင်းအောင်တို့က စိုက်ပျိုးမည့် အပင်များအား ပေးအပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ (၁၂၀)ဦးတို့က လက်ခံရယူပြီး သတ်မှတ်နေရာအသီးသီးတို့၌ ပျဥ်းကတိုး (၁၅၀)ပင်၊ ခရေ (၅၀)ပင်နှင့် မယ်ဇလီ(၅၀)ပင်၊ မိသားစု (၁၀၀)ပင်၊ စိန်ပန်း(၅၀)ပင် ပျိုးပင်ပေါင်း (၄၀၀) ကျော်တို့ကို စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ရေဖြူမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် ပျိုးဥယျာဉ်တွင် ပျိုးပင်မျိုးစုံ စိုက်ပျိုးထားရှိကြောင်း သိရသည်။
ခတ္တာ
 
     
     
     
     
    