ကန်ကြီးထောင့် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ပိုက်ဆံလျှော် စိုက်ပျိုးမှု၊ မိုးစပါးစိုက်ပျိုးမှု ကိစ္စရပ်များ၊ မိုးရာသီအားကစားပွဲများ ကျင်းပနိုင်ရေး၊ ဆိုကရေးတီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ကျောင်းဖွင့်ချိန်အမီ ကျောင်းသား/သူများ ကျောင်းအပ်ပြီး ကျောင်းတက်ရောက်နိုင်ရေး၊ မိုးရာသီရောက်ရှိလာပြီးဖြစ်၍ ဌာနဆိုင်ရာရုံးများအား အရေးကြီးစာရွက်စာတမ်းများ စနစ်တကျထားရှိရေး၊ မြို့နယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာ သန့်ရှင်းရေးကိစ္စရပ်များ၊ ရုံးတွင်း/ပြင် သန့်ရှင်းရေးကိစ္စရပ်များနှင့် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)
 
    