ငပုတော မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မုန်တိုင်းအန္တရာယ် အသိပညာပေးနှိုးဆော်ချက်များကို အချိန်နှင့် တစ်ပြေးညီ နှိုးဆော်တိုက်တွန်းရမှာဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေ ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက်ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ မိုးစပါးရေတော်မိုးတော် စိုက်ဧကအားလုံးတွင် ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်းစိုက်ပျိုးကြစေလိုကြောင်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များ တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)
