ဇလွန် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် ဧရာဝတီအရှေ့ဘက်ကမ်းတာ တာမိုင် ၃၀/၀ - ၃၁/၀ အတွင်း တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်တည်ဆောက် ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ဇလွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးထူးပြည့်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၄ - ၂၀၂၅ ခု ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဇလွန်မြို့နယ် ဧရာဝတီအရှေ့ဘက်ကမ်းတာ တာမိုင်၃၀/၀ - ၃၁/၀ အတွင်း တာတမံပြုပြင်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် Great Motion ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် တာတမံပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ဇလွန်မြို့နယ် ဧရာဝတီအရှေ့ဘက်ကမ်းတာ တာမိုင် ၃၀/၀ - ၃၁/၀ သည် ထိပ်ဝအကျယ်(၁၄)ပေ၊ အောက်ခြေအကျယ်(၆၇)ပေ၊ ပျှမ်းမျှတာအမြင့် (၁၃) ပေ၊ အလျား (၂၈၀၀)ပေရှိ မြေကြီးကျင်း (၉၁၅၂)ကျင်း ဆောင်ရွက်ခဲ့ပြီး လယ်မြေဧက (၃၇၉၃၄) ဧကအား ရေဘေးအန္တရာယ်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဇလွန်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒု - ဦးစီးမှူး (မြို့ပြ) ဦးအောင်မျိုးလွင်၏ ပြောကြားချက်အရ သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)
