ဖြူးမြို့နယ်တွင် ကြက်ကွင်းကျေးရွာ၌ (VDP)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖြူး မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကို သာဓုကန်ကျေးရွာအုပ်စု၊ ကြက်ကွင်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမမှူး ဦးသန့်ဇင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦစီးမှူး ဦးကျော်မျိုးအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြီး ကော်မတီဖွဲ့စည်းနိုင်ရေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် ကျေးရွာကော်မတီအသစ် ရွေးချယ်ခြင်းများဆောင်ရွက်ကြသည်။

 VDPစီမံကိန်းမှာ ကျေးရွာ၏ အဓိကလိုအပ်ချက်များဖြစ်သော တံတားတည်ဆောက်ရေး၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ​၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ သိန်း(၁၅၀)အသုံးပြု၍ ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)