ရွှေကျင် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီခွဲက ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဒေါ်စန်းစန်းနွဲ့မှ စိုက်ပျိုးရာသီတွင် တောင်သူများအနေဖြင့် ချေးငွေများ စိုက်ပျိုးရာသီအချိန်မှီ ထုတ်ချေးနိုင်ရန်အတွက် ကြွေးကျန်များ အချိန်မှီပေးဆပ်ကြရန်နှင့်ချေးငွေများကို လယ်ယာလုပ်ငန်းတွင်အကျိုးရှိစွာ အသုံးပြုရန်နှင့်မိုးရာသီ စိုက်ပျိုးစရိတ်များကို (၁) ဧကလျင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း အလေးထားမှာကြားခဲ့ပြီး ချေးငွေစည်းကမ်းသတ်မှတ်ချက်နှင့် ချေးငွေမူစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျွဲတဲရပ်ကွက်ရှိ တောင်သူ(၉)ဦး၏ လယ်ဧကပေါင်း (၆၀) ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ချေးငွေပေါင်း ကျပ်သိန်း(၉၀)အား ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်စန်းစန်းနွဲ့နှင့် ဝန်ထမ်းများက တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)
 
    