ယင်းမာပင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ယင်းမာပင် မေ ၂၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြား ရာတွင် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် နှစ်စဉ်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများကို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များဖြစ်လာအောင် ပံ့ပိုးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ အထက်တန်းအဆင့် ကျောင်းသား/သူ များအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်ကလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ သူများအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကလည်းကောင်း၊  မူလတန်းအဆင့် ကျောင်းသား/သူများအတွက် ဒုတိယဦးစီးမှူး ဦးမျိုးမင်းဦး၊ ဦးဇင်မင်းဌေးနှင့် ဌာနခွဲစာရေး ဦးသန်းစိုးအောင်တို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)