ရွှေတောင်မြို့နယ်တွင် ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

ရွှေတောင် မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသးခြင်းလုပ်ငန်းများကို ဆာင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အနေဖြင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၂၀၃၁) ဦးရှိပြီး ရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံရှိဝန်ထမ်းများအား မြို့နယ်လူမှုဖူလုံရေးစီဦးဌာနနှင့် သက်ဆိုင်ရာ ဆရာဝန်များကဓါတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးရာ နာမည်စာရင်းရေးသွင်းပြီး B.P/Height/ Weigh ချိန်ခြင်း၊ Computer စာရင်းသွင်းခြင်း၊ ဆရာဝန်ပြသခြင်း၊ ဆေးဝါးများထုတ်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့် E.C.Gဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)