ထန်းတပင်မြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနက (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် မြို့နယ်အဆင့် ထက် ၊ လယ် ၊ မူ ၊ ကိုယ်ပိုင်ကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကိုကိုက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး  ဦးကိုကိုဦးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်း သုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများကို ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပေးအပ်ခဲ့ရာ  တာဝန်ရှိသူ ကျောင်းအုပ်ဆရာမကြီးထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်  ဌာနဆိုင်ရာအကြီးအကဲများ ၊ ကျောင်းအုပ် ဆရာကြီး ၊ ဆရာမကြီးများ ၊ ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)