ငါးသိုင်းချောင်း မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များမှ အလှူငွေများနှင့် အာဟာရများ ကျွေးမွေးလှူဒါန်း ခဲ့ကြသည်။ ယနေ့ နံနက်တွင် လာရောက်ကုသမှုခံယူနေသော အဘိုးအဘွား(၁၀၅)ယောက်ရှိပြီး အဆိုပါ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုကို ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက် ရှိရာ (၄၂) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)
 
     
    