နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

နတ်မောက် မေ ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးအတွင်း ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့ကို မေလ ၂၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလိုက်လံစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် မြို့မဈေးတာဝန်ခံတို့က မြို့မဈေးကြီး အတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများ၌ ပြည်သူများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် အသုံးပြုလျက်ရှိ ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေး၊ အများပြည်သူများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် အသုံးပြုလျက်ရှိသော စားသုံးဆီများ လုံခြုံစိတ်ချမှုရှိသော စားသုံးဆီဝယ်ယူနိုင်ရေး၊ ရောနှောစားသုံးဆီများ အာမခံချက်မရှိသော စားသုံးဆီအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာ ဖော်ပြပါရှိသည့် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်း ရှိ/မရှိနှင့်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ ထို့နောက် သတ်မှတ်ထားသော မြန်မာစာဖြင့် ဖော်ပြထားသည့် အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မူမူစန်း